Showing posts with label ရှမ်းလူမျိုးများ. Show all posts
Showing posts with label ရှမ်းလူမျိုးများ. Show all posts

ဘာသာရေးဆိုင်ရာ ပွဲလမ်းများ

ရှမ်းအမျိုးသား ပွဲလမ်းသဘင်များမှာ များသောအားဖြင့် ဘာသာရေးဆိုင်ရာ ပွဲများသာ ဖြစ်သည်။ အများအားဖြင့် အောက်ပါ ပွဲများကို ကျင်းပလေ့ ရှိကြသည်-
(၁) ရှင်ပြုပွဲ
(၂) ဘုရားရုပ်ပွားတော် လှူပွဲ
(၃) ဓမ္မကျမ်းစာ ပုရပိုက် လှူပွဲ
(၄) အိမ်တက် မင်္ဂလာပွဲ နှင့်
(၅) ဆွမ်းတော်ကြီး ကပ်လှူပွဲ ~ များ ဖြစ်ကြသည်။

မင်္ဂလာ လက်ထပ်ပွဲ


အမျိုးသမီးတို့ မင်္ဂလာ ဆောင်ပွဲများမှာ ဒေသအလိုက် အနည်းနှင့် အများ ကွဲပြားကြသည်။ မိဘများက တောင်းရမ်းပေးရာတွင် ဦးစွာ ပထမ လူပျို၏မိဘများသည် အပျို၏ မိဘများထံသို့ သွား၍ ပြောရသည်။ အပျို၏ မိဘများက လေး-ငါးရက် အချိန်ယူပြီး ဆွေမျိုးများနှင့် တိုင်ပင်ရသည်။ သမီး၏ သဘောကို မေးရသည်။ သမီးက သဘောတူပါက လူပျိုဖက်သို့ အကြောင်းပြန်ကြားရသည်။ လူပျို၏ မိဘများက လူကြီးများနှင့် နေ့ကောင်းရက်သာ ရွေးပြီး အပျို၏မိဘမျာထံ သမီးတောင်းရန်လာကြသည်။ ထိုအချိန်တွင် အပျိုအိမ်၌ ဆွေမျိုးအစုံ ရောက်နေကြရသည်။ အပျိုဖက်မှ လူငယ်များက လူပျိုကို ခြံတံခါးဝတွင် တကြိမ်၊ အိမ်တံခါးဝတွင် တကြိမ် ကြိုးတားကြသည်။ ငွေကြေးပေးမှ ဖွင့်ပေးကြသည်။

ရှမ်းလူမျိုးများ

တိုင်းမောဝ်(Tai Mao)
ရွှေလီမြစ်ကို ရှမ်းလူမျိုးများက နမ့်မောဝ် (Nam Mao) ဟုခေါ်သည်။ ထိုမြစ်ဝှမ်း တစ်လျှောက်တွင် နေထိုင်သော ရှမ်းများကို တိုင်းမောဝ် (မောရှမ်း) ဟုခေါ်သည်။ တိုင်းမောဝ်တို့သည် တာပိန်မြစ်ဝှမ်းတွင်လည်း နေထိုင်ကြသည်။ အေဒီ ၁၂၃၅ ခုနှစ် နန်ချောင်းနိုင်ငံတော်ကြီး ပျက်စီးခဲ့ရပြီးနောက် တိုင်း (ရှမ်း) လူမျိုးတို့သည် အာရှအရှေတောင်ဘက်သို့ အစုလိုက်ဝင်ရောက်နေထိုင်လာကြသည်။ မဲခေါင်မြစ်၊ မဲနမ်မြစ်၊ သံလွင်မြစ်၊ ရွှေလီမြစ်၊ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ဗြဟ္မပုတြမြစ် အတိုင်းစုန်ဆင်း၍ လုပ်ကိုင်စားသောက်ရန် လွယ်ကူသော နေရာများတွင် အခြေချနေထိုင်ပြီး အိုးအိမ်မြို့ရွာများ တည်ထောင်ကြသည်။

ရှမ်းလူမျိုးများ

၁။ တိုင်းလုံ၂။ တိုင်းမောဝ်၃။ တိုင်းလိ၊တိုင်းလူး၎။ တိုင်းခင်န်၊ (ဂုံရှမ်း)၅။ တိုင်းဒွဲ၊ယီး၊ယိုင်၆။ ပူတိုင်း၇။ တိုင်းချင်း၈။ တိုင်းပါး၉။ တူဂျင်း၁၀။ တိုင်းတုံဂျင်း၁၁။ တိုင်းလှိုင်း၊တိုင်းနမ့်၁၂။ တိုင်းပါးယီ၁၃။ ထိုတိုင်းလို၁၄။တိုင်းနုံး၁၅။ တိုင်းဟတ်ကာ၁၆။ တိုင်းအုံးပေ့၁၇။ တိုင်းလီ၁၈။တိုင်းချောင်း၁၉။ ဒေါင်၂၀။ တိုင်းနားခီ၂၁။ ကီလ၂၂။တူးလောဝ်၂၃။ ပူလောဝ်၂၄။ တိုင်းအဟုမ်၂၅။ တိုင်းထို၂၆။ တိုင်းတိုင်၂၇။ တိုင်းနုန်း၂၈။ တိုင်းထိုတစ်၂၉။ တိုင်းယန်း၊တိုင်းနန်း၃၀။ တိုင်းလှိုင်၃၁။ တိုင်းဖောင်း၃၂။ တိုင်းခေါင်၃၃။ တိုင်းလမ်၃၄။ တိုင်းယော၃၅။ တိုင်းတူးလောဝ်၃၆။ ပူပေါင်း၃၇။...