တာချီလိတ်မြို့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွင် တည်ရှိသောကြောင့်
တိုင်းရင်းသားပေါင်းစုံနေထိုင်ကြရာတွင် ယခုတင်ပြမည့် အချက်အလက်မှာ
တိုင်းရင်းသားအများစုမှာမှ ရှမ်း(သျှမ်း) လူမျိုးအကြောင်းဖြစ်ပါသည်။
တာချီလိတ်မြို့တွင် နေထိုင်သူဦးရေ အများဆုံးမှာ ရှမ်း(သျှမ်း)လူမျိုး
ဖြစ်ပြီး၊ အခါလူမျိုးနှင့် လားဟူ လူမျိုးတို့သည်လည်း တာချီလိတ်တွင်
အများအပြားနေထိုင်လျှက်ရှိကြသည်။
Slideshow
Showing posts with label ရှမ်းသမိုင်း. Show all posts
Showing posts with label ရှမ်းသမိုင်း. Show all posts
မြန်မာနိုင်ငံအတွင်းရှိ ရှမ်းလူမျိုးတို့၏သမိုင်း
AD ၁၂၈၀-၁၅၅၄
မြန်မာရာဇဝင်သမိုင်းများ၊ ကုန်းဘောင်သီပေါရာဇဝင်များအရ ရှမ်းပြည်ကို စတင်တည်ထောင်ခဲ့သူမှာ ဘိန္နကမင်းဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် "ရှမ်းမင်းအစ ဘိန္နက" ဟုပင်ရေးသားခဲ့ကြလေသည်။ ထိုရာဇဝင်အရ တကောင်းမင်းအဘိရာဇာ၏ အဖဆက်အနွယ်ဖြစ်သော ဘိန္နကရာဇာမင်းလက်ထက်တွင် တကောင်းပြည်အား တရုတ်တို့ ဝင်ရောက်တိုက်ခိုက်လာသဖြင့် ထိုမင်းသည် တကောင်းနန်းကို စွန့်ခွာပြီးလျှင် ဧရာဝတီမြစ်အနောက်ဘက် မလယ်အရပ်တွင် စိုးစံနေစဉ် ထိုမင်းနတ်ရွာစံ၍
မြန်မာရာဇဝင်သမိုင်းများ၊ ကုန်းဘောင်သီပေါရာဇဝင်များအရ ရှမ်းပြည်ကို စတင်တည်ထောင်ခဲ့သူမှာ ဘိန္နကမင်းဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် "ရှမ်းမင်းအစ ဘိန္နက" ဟုပင်ရေးသားခဲ့ကြလေသည်။ ထိုရာဇဝင်အရ တကောင်းမင်းအဘိရာဇာ၏ အဖဆက်အနွယ်ဖြစ်သော ဘိန္နကရာဇာမင်းလက်ထက်တွင် တကောင်းပြည်အား တရုတ်တို့ ဝင်ရောက်တိုက်ခိုက်လာသဖြင့် ထိုမင်းသည် တကောင်းနန်းကို စွန့်ခွာပြီးလျှင် ဧရာဝတီမြစ်အနောက်ဘက် မလယ်အရပ်တွင် စိုးစံနေစဉ် ထိုမင်းနတ်ရွာစံ၍
ရှမ်း" နှင့် "တိုင်း" ဝေါဟာရရှင်းလင်းချက်
"ရှမ်း"ဟူသောဝေါဟာရမှာ အခြာလူမျိုးများကရှမ်းလူမျိုးများကိုခေါ်သော ဝေါဟာရဖြစ်ပါသည်။ ရှမ်လူမျိုးတို့က မိမိကိုယ်ကို"တိုင်း" (Tai) ဟုခေါ်ကြသည်။ ယိုးဒယားနိုင်ငံသားများကမူ “ထိုင်း” (Thai) ဟုခေါ်ကြသည်။ “ရှမ်း” ခေါ် “တိုင်း ” ၏ အဓိပ္ပါယ်နှင့်ပတ်သက်၍ အမျိုးမျိုး ဖွင့်ဆိုထား ကြောင်းတွေရပါသည်။ ရှေမြန်မာကျောက်စာတို့တွင် “သျမ်” (သို့) “သျံ” ဟုရေးသားကြသည်။
ရှေးယခင်က “ရှမ်း” ကို “သျှမ်း” ဟုရေးသားကြသည်။ ရှမ်းလူမျိုးများသည် “ရှမ်း” ဟုရေးသားခြင်းကို ကြိုက်နှစ်သက်ခြင်းမရှိဟုသိရသည်။ “ရှမ်း” ဟူသောအရေးအသားမှာ ယခုခေတ်သစ်ရှမ်းစာပေတွင် “ဖွဲနု”ဟူ၍လည်းကောင်း၊ “ချသည်၊ တိုက်ခိုက်သည်၊ ရိုက်နှက်သည်” ဟူ၍လည်းကောင်း အဓိပ္ပာယ်ရှိသောကြောင့်ဖြစ်သည်။
ရှေးယခင်က “ရှမ်း” ကို “သျှမ်း” ဟုရေးသားကြသည်။ ရှမ်းလူမျိုးများသည် “ရှမ်း” ဟုရေးသားခြင်းကို ကြိုက်နှစ်သက်ခြင်းမရှိဟုသိရသည်။ “ရှမ်း” ဟူသောအရေးအသားမှာ ယခုခေတ်သစ်ရှမ်းစာပေတွင် “ဖွဲနု”ဟူ၍လည်းကောင်း၊ “ချသည်၊ တိုက်ခိုက်သည်၊ ရိုက်နှက်သည်” ဟူ၍လည်းကောင်း အဓိပ္ပာယ်ရှိသောကြောင့်ဖြစ်သည်။
မြန်မာနိုင်ငံအတွင်းရှိ ရှမ်းလူမျိုးတို့၏သမိုင်း
AD ၁၂၈၀-၁၅၅၄ မြန်မာရာဇဝင်သမိုင်းများ၊ ကုန်းဘောင်သီပေါရာဇဝင်များအရ ရှမ်းပြည်ကို စတင်တည်ထောင်ခဲ့သူမှာ ဘိန္နကမင်းဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် "ရှမ်းမင်းအစ ဘိန္နက" ဟုပင်ရေးသားခဲ့ကြလေသည်။ ထိုရာဇဝင်အရ တကောင်းမင်းအဘိရာဇာ၏ အဖဆက်အနွယ်ဖြစ်သော ဘိန္နကရာဇာမင်းလက်ထက်တွင် တကောင်းပြည်အား တရုတ်တို့ ဝင်ရောက်တိုက်ခိုက်လာသဖြင့်
ရှမ်းညီနောင် သုံးပါး
အခါတပါး ဘိန္နမြို့ကိုအစိုးရသော စော်ဘွားကြီးတွင် သားတော်နှစ်ပါးရှိ၏။ စော်ဘွားကြီးမရှိ၍ သားတော်ကြီးက ဘိန္နကမြို့ကို မင်းပြုတော်မူ၏။ နောင်တော်၏ လုပ်ကြံမှုကိုစိုးရိမ်သဖြင့် ညီတော်အငယ် သိင်္ဂဗိုလ်သည် အလုပ်အကြွေးတို့နှင့်တကွ မြင်ဆိုင်းအရပ်သို့ တိမ်းရှောင်လာသည်။ မြင်ဆိုင်းတွင် အသည်သူကြွယ် သမီးနှင့် အိမ်ထောင်ပြုပြီး ရာဇသင်္ကြန်၊ အသင်္ခရာ၊ သီဟသူဟူသော သားတော်သုံးပါး ထွန်းကားသည်။ အခါတပါး သိင်္ဂဗိုလ်သည် တူးရွင်းထမ်းပြီး တောသို့ သွားရာတွင် နောက်ကတူးရွင်းကို မိုးကြိုးပစ်လေ၏။ သိင်္ဂဗိုလ်သည် "ငါကား အိုမင်းပြီ၊
မိုးညင်းစလုံ (စ၀်လုံ) အင်းဝ ကို တိုက်ခိုက်ခြင်း
မိုးညင်း (မိုင်းယန်း)သည် မွန်ဂိုတို့လက်ထက် ၁၂၈၉ ခုနှစ်မှစ၍ ရှိနေကြောင်းသိရသည်။ တရုတ်မင်မင်းခေတ် (၁၄၀၃) ခုနှစ်တွင် ရှေးဦးစွာဖော်ပြထားသည်။ ဧရာဝတီနှင့် ချင်းတွင်းမြစ်နှစ်သွယ်အကြားတွင် ကျယ်ဝန်းလှသော နယ်ကြီးတစ်ခုဖြစ်ခဲသည်။ အေဒီ ၁၄၁၆ ခုနှစ်တွင် မိုးညှင်းနှင့် ကလေးမြို့တို့ စစ်ဖြစ်ကြရာ မင်းကြီးစွာကဲက နှစ်နယ်လုံးကို သိမ်းပိုက်ခဲ့သည်။ အေဒီ ၁၅၀၄ ခုနှစ်တွင် မိုးညှင်းစဝ်လုံသည် ဆင်မြင်းအလုံးအရင်းနှင့် ဒီပဲယင်းမြို့ကို
သိုဟန်ဘွား (AD 1527-1543)
မြန်မာသက္ကရာဇ် (၈၈၈) ခု၊ အေဒီ ၁၅၂၇ ခု အင်းဝပျက်သည့်နှစ်သည် မင်းဝမင်းနရပတိ၊ ပြည်ဘုရင် ဆင်ဖြူရှင် သတို့မင်းစော၊ ဟံသာဝတီမင်း ဗညားရံတို့ အနိစ္စရောက်သည့် နှစ်လည်းသည်။ ထိုအချိန်ကား ရှမ်းပြည်တွင် သိုဟန်ဘွား ဒုတိယအကြိမ် နန်းတက်ခြင်းဖြစ်သည်။
အုန်းပေါင်ခွန်မိန်း (AD ၁၅၄၃-၁၅၄၅)
သိုဟန်ဘွားအနီစ္စရောက်ပြီးနောက် အင်းဝတွင်ရှိသော မှူးမတ်အပေါင်းတို့က မင်းကြီးရန်နောင်အား မင်းပြုရန် တောင်းဆိုသော်လည်း မင်းကြီးရန်နောင်အလိုမရှိသဖြင့် အုန်းပေါင်ခွန်မှိုင်းငယ်ကို အင်းဝမင်းပြုစေသည်။ မင်းကြီးရန်နောင်အား တလုပ်မြို့ကို ပိုင်စားစေသော်လည်း နောက်တစ်နှစ်တွင် မင်းကြီးရန်နောင်သည် မက္ခရာအရပ်၌ ရဟန်းဝတ်သွားလေတော့သည်။ အေဒီ ၁၅၄၃ ခုနှစ် အုန်းပေါင်းခွန်မိန်းသည် အင်းဝမင်းဖြစ်သောအခါ ညောင်ရွှေ၊ မိုးနဲ၊ ဗန်းမော်၊ မိုးမိတ်၊
မိုးဗြဲနရပတိမင်း ( အေဒီ ၁၅၄၅-၁၅၅၁)
မြန်မာသက္ကရာဇ် (၉၀၇) ခု၊ အေဒီ ၁၅၄၅ ခုတွင် မိုးဗြဲမင်းသည် နရပတိဟူသောအမည်နှင့် အင်းဝရွှေနန်းကို တက်တော်မူသည်။ စစ်ကိုင်းစည်သူကျော်ထင်လည်း စစ်မက် မပြက်ဖြစ်ကြသည်။ မိုးဗြဲနရပတိသည် အင်းဝကိုတက်လျှင် အုန်းပေါင်း ဆွေကြီးတို့ကိုလည်း မဆက်ဆံ။
စစ်ကိုင်းစည်သူကျော်ထင် ( အေဒီ ၁၅၅၁-၁၅၅၄)
တပင်ရွှေထီးလက်ထက် မြန်မာသက္ကရာဇ် (၉၀၆) ခုတွင် စလင်းစည်သူကျော်ထင်နှင့် ပဲခူးစည်သူကျော်ထင်သည် ဆင်စီးချင်းတိုက်ခိုက်ကြရာ စလင်းစည်သူကျော်ထင် အရေးမသာသဖြင့် ဆင်တစ်ကောင်နှင့် လောင်းရှည်ကြောင်း ချင်းတောင်ကိုပြေးလေ၏။ စလင်းစည်သူကျော်ထင်ကို ချင်းတို့ဖမ်းမိပြီး မိုးညှင်းစဝ်လုံငယ်သို့ ဆက်သ၏။ မိုးညှင်းစဝ်လုံငယ်၏ အကူအညီဖြင့် အင်းဝကိုလုပ်ကြံရန်အတွက် ဆင်ခြောက်ဆယ်၊ မြင်းရှစ်ရာ၊ စစ်သည်သူရဲငါးသောင်းပေး၍ သက္ကရာဇ် (၉၀၇) ခုတွင် ယခုစစ်ကိုင်းမြို့ကို တည်တော်မူသည်။
ဘုရင့်နောင် ရှမ်းပြည်သို့ချီတက်ခြင်း
ဘုရင်နောင် အင်းဝကိုရပြီးနော်က အုံးပေါင်ခွန်မှိုင်းစားသော စဥ့်ကူးမြို့ကို ရေကြောင်းဆန်၍ လုပ်ကြံစေပြန်သည်။ မြန်မာသက္ကရာဇ် ၉၁၆၊ အေဒီ (၁၅၅၄) ခုနှစ် တပေါင်းလခန့်တွင် ဗန်းမော်ရှမ်းပြည်ဘက်သို့ ချီရာ ဓိကျည်၊ ကောင်းတုံ၊ ကောင်းစင်၊ ငရင်၊ ဗန်းမော် စသည်တို့မှ လက်ဆောင်တို့ဖြင့် ခိုဝင်လာသည်။ ထို့နောက် မိုးကောင်း၊ မိုးညှင်း၊ မိုးနဲ၊ ညောင်ရွှေ၊ ရပ်စောက်၊ လဲချား၊ မိုင်းကိုင် စသောရှမ်းပြည်နယ်တလွှားကို သိပ်ယူလေသည်။ အေဒီ ၁၅၅၇ တွင် မိုးနဲကိုရသော် ထားစင်ဆိပ်မှ သံလွင်မြစ်ကို ကူးပြီးလျှင် ဇင်းမယ်သို့ ချီ၍ လုပ်ကြံသည်။ အေဒီ ၁၅၅၈ ခုတွင် မင်းနှင့်တကွ မြို့ကိုရသည်။ ဇင်းမယ်မင်း ကို မင်းမြဲပြုစေ၍ ဇင်းမယ်တွင် ဗမာတပ်ကို အစောင့်အနေချထားကာပြန်လေသည်။ အပြန်တွင် ဇင်းမယ်သား ပညာသည်တို့ကို ခေါ်ခဲ၍ ဟံသာဝတီတွင် အကွက်ချ၍ နေစေသည်။ ထိုအခါမှစ၍ မြန်မာနိုင်ငံသို့ ဇင်းမယ် ယွန်းထည်ပညာ ရောက်လာသည်ဟု ဆိုကြသည်။
ရှမ်းပြည်အမျိုးသားနေ့အကြောင်း သိကောင်းစရာ
ရှမ်းပြည် လူထုခေါင်းဆောင်များနှင့် စော်ဘွားများ ဦးဆောင်ကာ ကမကထပြုမှုအရ ရှမ်းပြည်အလယ်ပိုင်း ယခင်လဲချားနယ် ပင်လုံမြို့၌ ၁၉၄၇ ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၁၂ ရက်နေ့အထိ ၁၀ ရက်ကြာ ကျင်းပခဲ့သော ဒုတိယ ပင်လုံညီလာခံဟာ “ဖေဖော်ဝါရီ ၇ ရက် ရှမ်းပြည်အမျိုးသားနေ့ နဲ့ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ (၀ါ) ပင်လုံစာချုပ်နေ့” တွေပေါ်ပေါက်စေခဲ့တဲ့ ကမ္ဘာကျော် သမိုင်းဝင်နေ့ ဖြစ်ပါတယ်။
ပင်လုံစာချုပ်မထိုးခင် တစ်ရက်အလို ၁၁-၂-၁၉၄၇ နေ့မှာ ရှမ်းပြည်ကောင်စီ ဥက္ကဌ စ၀်ခွန်ပန်းစိန်က ရှမ်းပြည်လူမျိုးပေါင်းစုံနှင့် ပတ်သက်အကျုံးဝင်သော အောက်ပါဆုံးဖြတ်ချက် ၃ ရပ်ကို ချမှတ်ခဲ့ပါတယ်။
ပင်လုံစာချုပ်မထိုးခင် တစ်ရက်အလို ၁၁-၂-၁၉၄၇ နေ့မှာ ရှမ်းပြည်ကောင်စီ ဥက္ကဌ စ၀်ခွန်ပန်းစိန်က ရှမ်းပြည်လူမျိုးပေါင်းစုံနှင့် ပတ်သက်အကျုံးဝင်သော အောက်ပါဆုံးဖြတ်ချက် ၃ ရပ်ကို ချမှတ်ခဲ့ပါတယ်။
နွားဝန်တင် နှင့် ခေါင်းလောင်းသံ
လူတို့သည် လူမှုရေးအတွက် နေ့စဉ်အမျှ လှုရှားသွားလာလျက် စားသောက်နေထိုင်ရေး ကိစ္စရပ်များ၊ ဖွံ့ဖြိုးတိုးတက်မှု ကိစ္စရပ်များ၊ အမျိုးအနွယ်အလိုက် အပေါင်းအသင်း ဆက်ဆံရေးနှင့် ယုံကြည်ကိုးကွယ်မှု ကိစ္စရပ်များ၊ တဦးနှင့်တဦး ရေမြေ တောတောင် ဘယ်လိုပင်ခြားသော်လည်း တောတောင် ရှိုမြောင်များအကြား အခက်အခဲ အမျိုးမျိုးဖြင့် ဖြတ်ကျော်သွားလာခဲ့သည်မှာ လွယ်ကူသည့် ကိစ္စမျိုးမဟုတ်ပါချေ။အခက်အခဲကြားမှ ကျော်လွှားဖြေရှင်းခဲ့သည့် ရှေးယခင်က အပြုအမူ လိမ္မာယဉ်ကျေးမှု (Civilization) အဆင့် အတန်းကို ဆိုလိုခြင်းဖြစ်သည်။
ရှမ်းအမျိုးသားတို့ ဖြစ်ပေါ်လာပုံ (ရှေးရိုးစဉ်လာ)
ရှမ်းအမျိုးသားများက မိမိတို့သည် ကမ္ဘာဦး အစကပင် ရှိနေပြီးသော လူမျိုးများ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ရှမ်းဆိုသော စကားလုံးသည် ပါဠိစကားမှ သက်ဆင်းလာသော ပါဠိပျက်စကား ဖြစ်သည်ဟု အဆိုရှိသည်။ရှမ်းအမျိုးသားတို့က မိမိတို့ကိုယ်ကို မိမိတို့ တိုင်း ဟု ခေါ်သည်။ တိုင်း အဓိပ္ပာယ်မှာ တောက်ပခြင်း ဖြစ်သည်။ ရှမ်းရှမ်းဆောက်ပသည်။ မီးခိုးမီးလျှံ (ရှမ်း) စသော စကားများတွင် ရှမ်းစကားလုံးမှာ တောက်ပခြင်း ပြည့်ဝခြင်း သဘောအဓိပ္ပာယ်ကို ဆောင်သည်။ရှမ်းပြည်ကို မိန်းတိုင်း၊ ရှမ်းလူမျိုးကို ကွန်းတိုင်း၊ ရှမ်းစကားကို ကွမ်းတိုင်းဟု ရှမ်းဘာသာဖြင့် ခေါ်သည်။
သျှမ်းတိုင်းဌာနေများကို တည်ထောင်ခြင်း
ရှမ်းတိုင်းဌာနေများ တည်ထောင်ခြင်းနှင့် ပတ်သက်၍ သမိုင်း အထောက်အထားများစွာ ရှိခဲ့ရာ ယ္ခု ကျွန်တော်သည် ကချင်ပြည်နယ် မိုးညှင်းမြိုနယ် ဘီလူမြို့သမိုင်း စာအုပ်မှ မောရှမ်း နှင့် ရှမ်းမြန်မာခေါ် တိုင်းလိုင်း ရှေ့ဟောင်း ရှမ်းသမိုင်း စာအုပ်များမှ ထုတ်နုတ်၍ မြန်မာဘာသာသို ပြန်ဆိုထားသော သမိုင်းဝင် ရွှေဘုံသာ ဘုရားသမိုင်း စာအုပ်တွင် ပါဝင်သော ရှမ်းသမိုင်း မှတ်တမ်း အကျဉ်းကို ထုတ်နုတ် တင်ပြ လိုက်ပါတယ်။ ရှမ်းဘာသာ စကားကို မြန်မာသို့ ပြန်ဆိုရာတွင် အသံထွက် မှန်ကန်စွာ ပြန်ဆိုရန် မှာ မလွယ်ကူသောကြောင့် လွဲချော်မှုများကို မေတ္တာရှေ့ထား၍ ပြင်ဆင်ဖတ်ရှုပေးပြီး လိုအပ်သည်များ ကိုလည်း ကူညီပြု့ပြင်ပေးနိုင်ပါတယ် ။
Subscribe to:
Posts (Atom)
