လူမျိုးနဲ့ နှင့် သမိုင်း

ရှမ်းလူမျိုးများ

၁။ တိုင်းလုံ၂။ တိုင်းမောဝ်၃။ တိုင်းလိ၊တိုင်းလူး၎။ တိုင်းခင်န်၊ (ဂုံရှမ်း)၅။ တိုင်းဒွဲ၊ယီး၊ယိုင်၆။ ပူတိုင်း၇။ တိုင်းချင်း၈။ တိုင်းပါး၉။ တူဂျင်း၁၀။ တိုင်းတုံဂျင်း၁၁။ တိုင်းလှိုင်း၊တိုင်းနမ့်၁၂။ တိုင်းပါးယီ၁၃။ ထိုတိုင်းလို၁၄။တိုင်းနုံး၁၅။ တိုင်းဟတ်ကာ၁၆။ တိုင်းအုံးပေ့၁၇။ တိုင်းလီ၁၈။တိုင်းချောင်း၁၉။ ဒေါင်၂၀။ တိုင်းနားခီ၂၁။ ကီလ၂၂။တူးလောဝ်၂၃။ ပူလောဝ်၂၄။ တိုင်းအဟုမ်၂၅။ တိုင်းထို၂၆။ တိုင်းတိုင်၂၇။ တိုင်းနုန်း၂၈။ တိုင်းထိုတစ်၂၉။ တိုင်းယန်း၊တိုင်းနန်း၃၀။ တိုင်းလှိုင်၃၁။ တိုင်းဖောင်း၃၂။ တိုင်းခေါင်၃၃။ တိုင်းလမ်၃၄။ တိုင်းယော၃၅။ တိုင်းတူးလောဝ်၃၆။ ပူပေါင်း၃၇။...

မြန်မာနိုင်ငံအတွင်းရှိ ရှမ်းလူမျိုးတို့၏သမိုင်း

AD ၁၂၈၀-၁၅၅၄ မြန်မာရာဇဝင်သမိုင်းများ၊ ကုန်းဘောင်သီပေါရာဇဝင်များအရ ရှမ်းပြည်ကို စတင်တည်ထောင်ခဲ့သူမှာ ဘိန္နကမင်းဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် "ရှမ်းမင်းအစ ဘိန္နက" ဟုပင်ရေးသားခဲ့ကြလေသည်။ ထိုရာဇဝင်အရ တကောင်းမင်းအဘိရာဇာ၏ အဖဆက်အနွယ်ဖြစ်သော ဘိန္နကရာဇာမင်းလက်ထက်တွင် တကောင်းပြည်အား တရုတ်တို့ ဝင်ရောက်တိုက်ခိုက်လာသဖြင့်
ထိုမင်းသည် တကောင်းနန်းကို စွန့်ခွာပြီးလျှင် ဧရာဝတီမြစ်အနောက်ဘက် မလယ်အရပ်တွင် စိုးစံနေစဉ် ထိုမင်းနတ်ရွာစံ၍ ပါလာသောဗိုလ်ချေခပင်း သုံးသင်းကွဲလေသည်။ တစ်သင်းကိုဦးဆောင်သော ထိုမင်း၏ညီတော် ဘိန္နကရာဇ်သည် ရွှေလီမြစ် အထက်ပိုင်းသို့ ဆန်တက်သွားပြီးလျှင် ထိုမြစ်၏ လက်ယာဘက်ကမ်းတွင် "မိုင်းမော" ဟုခေါ်တွင်သောဒေသတွင် အခြေချကာ ရှမ်းတစ်ဆယ်ကိုးခရိုင်ကို တည်ထောင်ခဲ့သည်ဟုဆိုသည်။ ထိုကြောင့် "ရှမ်းပြည်ထောင်အစ မိုင်းမောက" ဟုလည်းဆိုရိုးပြုခဲ့ကြလေသည်။

မှတ်ချက်။ ။ အရှင်သုခမိန္ဒ (တန့်ယန်း) ၏ ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်မှုနှင့် ဓလေ့ထုံးစံများ စာအုပ်မှကောက်နှုတ်တင်ပြသည်။

ကချင်လူမျိုး

 

ကချင်တိုင်းရင်းသား မျိုးနွယ်စု (၆)မျိုးရှိသည်။ ယင်းတို့မှာ ဂျိမ်းဖော၊ လော်ဝေါ်(မရူလူမျိုး) ၊ ရဝမ်လူမျိုး၊ လာချိဒ်၊ လီဆူးနှင့် ဇိုင်ဝါးတို့ ဖြစ်သည်။



ကချင်တိုင်းရင်းသားတို့သည် တိဘက်မြန်မာ အုပ်စုဝင်များ ဖြစ်သည်။ ဂျိန်းဖော့၊ အဇီး(ဇိုင်းဝါး)၊ လရှီ(လာချစ်)၊ လီဆူ၊ ရ၀မ် နှင့် မရူ(လောင်ဝေါ်) မျိုးနွယ် ၆ မျိုးကို စုပေါင်း၍ ကချင်ဟုခေါ်သည်။ ကချင်ပြည်နယ်တွင် ရှမ်းကြီး၊ ရှမ်းတရုတ်၊ ရှမ်းမြန်မာ၊ ဂဒူး စသောမျိုးနွယ်(၄)မျိုးပါဝင်သော ရှမ်းများနှင့် ချင်း၊ ပလောင်၊ နာဂတို့ပါ နေထိုင်ကြသည်။ 

၁.  ရှမ်းလူမျိုးများ                             ၃.  ကချင်လူမျိုးနဲ့ရိုးရာ

၂.  ရှမ်းသမိုင်းများ                            ၄.  ကချင်သမိုင်းများ