အရိုးနုပျက်စီးခြင်း/အရိုးကြီးပေါင်းတက်ခြင်း

မြန်မာပြည်မှာ အဖြစ်များလာနေတဲ့ အရိုးနုတွေ ပျက်စီးတဲ့ရောဂါဟာ ဖြစ်သွားပြီးရင် ပျောက်အောင် ကုသမပေးနိုင်ဘဲ၊ ပိုဆိုးမသွားအောင် ဒုက္ခိတမဖြစ်သွားအောင်ဘဲ ကာကွယ် ကုသပေးနိုင်တာမို့၊ မဖြစ်ခင်ကြိုတင်ကာကွယ်ဖို့နဲ့
 ဖြစ်လာရင်လည်း စောစောသိဖို့ အရေးကြီးပါတယ်။

ဒီရောဂါ ဘာကြောင့် မြန်မာနိုင်ငံမှာ အဖြစ်များလာတာပါလဲ။ ရောဂါမဖြစ်ခင် ကာကွယ်နိုင်ဖို့ ကလေးအရွယ်ကနေစပြီး ဘာတွေစားဖို့၊ လုပ်ဖို့လိုပါလဲ။ ဖြစ်လာပြီးရင်လဲ စောစောသိနိုင်ဖို့နဲ့၊ ပိုမဆိုးသွားအောင်ကာကွယ်နိုင်ဖို့ ဘာတွေ သိဖို့၊ လုပ်ဖို့ လိုပါသလဲ။

ဒီအကြောင်း အသေးစိတ်သိရှိနိုင်ဖို့ အရိုးအထူးကု ခွဲစိပ်ဆရာဝန်ကြီးနဲ့၊ ရန်ကုန် ဆေးတက္ကသိုလ် (၁) နဲ့ မန္တလေး ဆေးတက္ကသိုလ် အငြိမ်းစားပါမောက္ခ၊ အရိုးရောဂါပညာဌာနမှုး ဒေါက်တာကျော်မြင့်နိုင် နဲ့ ကိုဝင်းမင်း တို့ ဆွေးနွေးတင်ပြထားပါတယ်။