
သိရပါတယ်။ ခံတွင်းထဲ သကြားဝင်ရောက်ချိန်မှာ ဦးနှောက်ရဲ့ လှုံ့ဆော်မှုဆိုင်ရာ စင်တာကို သိသိသာသာ အချက်ပြလိုက်တာကြောင့် အာရုံစူးစိုက်မှုကို ကောင်းမွန်သွားစေပါတယ်။
(၂) တစ်ည ခုနစ်နာရီ အိပ်စက်ပါ
အိပ်စက်ချိန် များလွန်းတာက အိပ်စက်ချိန် နည်းတာလိုပဲ ကျန်းမာရေးအတွက် အန္တရာယ်ပါ။ ဘရိုင်ဟမ်နဲ့ ဘော့စတွန် အမျိုးသမီးဆေးရုံက လေ့လာသူတွေက လူတစ်သောင်းခွဲကျော်ကို နှစ် ၂၀ ကြာလေ့လာခဲ့ရာ ခုနစ်နာရီ အိပ်သူတွေထက် နှစ်နာရီကျော် ပိုအိပ်သူ ဒါမှမဟုတ် နှစ်နာရီ လျှော့အိပ်သူတွေဟာ ဦးနှောက်နှစ်နှစ် ပိုအိုနေကြကြောင်း သိရပါတယ်။ တစ်ညနှစ်နာရီ ပိုအိပ်တာနဲ့ လျှော့အိပ်တာဟာ တွေးခေါ်မြော်မြင်နိုင်စွမ်းကို ထိခိုက်စေပါတယ်။
(၃) ထောပတ်အတု လျှော့စားပါ
ပြောင်းဖူးပေါက်ပေါက်၊ ဝက်ပေါင်ခြောက်စတာတွေမှာ ထည့်ထားတဲ့ ထောပတ်အစားထိုး ထောပတ်အတုတွေမှာ ဒိုင်အစီတိုင်း အခြေခံဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် ဦးနှောက်ဆဲလ်တွေကို ထိခိုက်စေနိုင်ပါတယ်။ ဒိုင်အစီတိုင်းဟာ ဦးနှောက်ထဲမှ ပရိုတင်းစုပုံမှု ဖြစ်စေပြီး အယ်လ်ဇိုင်းမား ရောဂါ ဖြစ်စေနိုင်လို့ပါ။
Copy by : သဘာဝရဲ့အားအင်