
တည်နေရာ
ဆဒုံးရေတံခွန် ဟာကချင်ပြည်နယ်ရဲ့ ကိုလိုနီခေတ်ကနယ်ခြဲ့ များကိုတော်လှန်ခဲ့ တဲ့ ..ဆဒုံးခံတပ်ဟောင်း တည်ရှိခဲ့ ရာ..ဆဒုံးမြို့ နဲ့ မိုင်အနည်းငယ်မျှကွာဝေးတဲ့ နေရာလေးမှာတည်ရှိပါတယ်။ ဆဒုံးရေတံခွန် မြစ်ကြီးနားမှဝိုင်းမော်၊၀ိုင်းမော်မှကန်ပိုင်တီ(တရုတ်နယ်စပ်)မြို့ သို့ ကုန်သွယ်ကူးသန်းရာ
တရုတ်လုပ်သားများလာရောက်ဖောက်လုပ်ထားတဲ့ လမ်းမကြီးဘေးမှာပဲတည်ရှိပါတယ်။
ရေတံခွန်အသွင်အပြင်
တောင်မြင့်ပေါ်မှသဘာဝအတိုင်းစီးဆင်းလာတဲ့ ၊ ကျဆင်းလာတဲ့ ရေတံခွန်တစ်ခုဖြစ်ပါတယ်။ ရေတံခွန်မှာ မတ်စောက်သောတောင်ပေါ်မှစီးကျလာပြီး(၈)ဆင့်မျှရှိသည်ဟုပြောဆိုကြသော်လည်း တကယ်တမ်းရေတံခွန်မှာမတ်စောက်ခြင်း၊ကျောက်ဆောင်ပေါ်တွင်တည်ရှိသောကြောင့်အလွတ်တမ်း ဆင်းတက်ရန်အနည်းငယ်ခက်ခဲပါတယ်။တက်ရောက်သူများလည်းမတော်တဆမှုများရှိခဲ့သောကြောင့် တာဝန်ရှိသူများမှအသိပေးဆိုင်းဘုတ်များဖြင့်မတက်ကြရန်လည်းသတိပေးထားပါတယ်။ထိုကြောင့် လာရောက်သူအများစုမှာ…အဆင့်(၄)ဆင့်ထိသာတက်ရောက်ကြတာများပါတယ်။

တောင်ကြားပေါ်မှ ကျဆင်းလာသောရေဟာ ကြည်လင်အေးမြလျက်ရှိပါတယ်။လာရောက်အပန်းဖြေသူများရေဆော့ကစားတက်ကြပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးရန်အတွက်နေရာကောင်းတစ်ခုလည်းဖြစ်ပါတယ်။ ယခင် ရေတံခွန် သို့ အတက်အဆင်းနေရာများ၊ချောင်းသို့ ကူးရန်နေရာများမှာ အဆင်သင့်မရှိသော်လည်း၊ယခုအခါ လေလံဆွဲထားသော ကုမ္ပဏီမှ အဆင်းအတက်လမ်းများဖောက်လုပ်ခြင်း၊တံတားထိုးထားခြင်းကြောင့်
ရေတံခွန်သို့ သွားရောက်ရန်လွယ်ကူလာပါတယ်။တောတောင်အလှအပများ ကိုခံစားရင်းခရီးသွားလာခြင်းနှစ်ခြိုက်တက်သူများ၊ခရီးဆန်းဆန်းသွားလာတက်သူများအတွက်ဆဒုံးရေတံခွန် သို့ အလည်အပတ်ခရီးဟာအပန်းပြေစိတ်လန်းဆန်းစေမှာအသေအချာဖြစ်ပါတယ်။
ဆဒုံး(ခေါ်)လန်နခရေတံခွန်အနီး ၀ါးတံတားပေါ်တွင် Shayi Fashion အတွက်အဆိုတော် မော်ဒလ် ချမ်းချမ်းမှ အလှပြရိုက်ကူးထားတဲ့ ပုံဖြစ်ပါတယ်။