1. ပဒန်မနော(Padang MaNaw) စစ်အောင်ချိန် အောင်ပွဲခံသည့်ပွဲ။
2. ဆွတ်မနော(Sut MaNaw)
ဓနဥစ္စာ တိုးတက်ချိန်၌ မနာလို ၀န်တိုမှုများရှိ မရှိ၊ ပေးဆပ်ရန်ကြွေး ရှိ မရှိ၊ ရယူရန်ကြွေးရှိ မရှိ၊ စုံစမ်းရင်း ဆွေသစ်မျိုးသစ် မိတ်သင်္ဂဟသစ် ဖွဲ့သောပွဲ။
3. ဂျူမနော (Ju MaNaw)
မကျန်းမာသည့်အခါ နှင့် အသက်အရွယ်ကြီးရင့်သော အဖိုးအို၊ အဖွားအိုများ သေဆုံးသောအခါ ကျင်းပသောပွဲ။
4. ဂွမ်ရမ်မနော( Gumran MaNaw)
အိမ်သားဖြစ်သူ ညီအစ်ကို တစ်ဦးဦး နယ်မြေသစ် တည်ထောင်နေထိုင်သော အချိန်တွင် မဒိုင်နတ်ကို ဝေချမ်း ပင့်ဆောင်ယူသော အထိမ်းအမှတ်ဖြင့် ကျင်းပသောပွဲ။
5. ရှဒပ်မနော(Shadip MaNaw)
နယ်မြေသစ် တည်ထောင်ပြီး မဒိုင်နတ်အား နေရာပြသော အထိမ်းအမှတ်၊ နယ်မြေသစ်ရှိ မကောင်းဆိုးဝါးများကို နှင်ထုတ်သော အထိမ်းအမှတ်ဖြင့် ကျင်းပသောပွဲ။
မနောပွဲအပြင် အိမ်သစ်တက်ပွဲ၊ မင်္ဂလာဆောင်ပွဲ၊ အသုဘပွဲ၊ နတ်ပူဇော်ပွဲ နှင့် ကောက်သစ်စားပွဲ စသော အခြားပွဲလမ်းများလည်း ရှိသေးသည်။
Copy by : မှတ်စုစာအုပ်