အစားအစာနဲ့ ရောဂါ ကုသကြရအောင်

သင်နဲ့ သင့်ပတ်ဝန်းကျင်မှာ အဖြစ်များတတ်တဲ့ ကျန်းမာရေး ပြဿနာတွေကို အောက်ပါ အရသာရှိလှတဲ့ အစားအစာနဲ့ ကုသနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

မကြာခဏ ခေါင်းကိုက်တတ်ခြင်း

ဟင်းနုနယ်ရွက် စားပါ
ဟင်းနုနယ်ရွက်မှာ ခေါင်းကိုက်တာ သက်သာစေနိုင်တဲ့ ဗီတာမင် B အမျိုးအစား Riboflavin အများအပြား ပါဝင်ပါတယ်။ ဂျာမန်မှ သုတေသီတွေက Riboflavin ဟာ ခေါင်းကိုက်ဝေဒနာ ရှိသူတွေကို ခေါင်းကိုက်တဲ့ အကြိမ်အရေအတွက် ထက်ဝက်ခန့် လျှော့ချနိုင်ပြီး ခေါင်းကိုက်ပျောက်ဆေး သောက်ရတဲ့ အရေအတွက် လျော့နည်းစေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ Riboflavin ဟာ ရေမှာ ပျော်ဝင်တဲ့ ဗီတာမင် B ဖြစ်တာကြောင့် ခန္ဓာကိုယ်တွင်းမှာ သိုလှောင် သိမ်းဆည်းထားနိုင်မှု မရှိပါဘူး။ ဒါကြောင့် နေ့စဉ် အစိမ်းရောင် ဟင်းရွက်တွေ စားပေးပြီး ဗီတာမင် B (Riboflavin) ရရှိအောင် ရယူပါ။
အအေးမိနှာစေးခြင်း

ကြက်စွပ်ပြုတ်ရည် သောက်ပါ

အမေရိကန်မှ သုတေသီတွေက ကြက်သားနဲ့ ဟင်းသီးဟင်းရွက် စွပ်ပြုတ်ရည် သောက်တာကြောင့် ရောင်ရမ်းမှုကို လျှောချနိုင်တဲ့ စွမ်းအင်ရှိပြီး အအေးမိဝေဒနာ သက်သာနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

ခံတွင်းအနံ့ နံခြင်း

ဒိန်ချဉ်သောက်ပါ

ခံတွင်းအနံ့ သန့်ရှင်းနေအောင် ဒိန်ချဉ်သောက်ပါ။ နို့ထွက်ပစ္စည်းကို နေ့စဉ် သောက်တာကြောင့် ပါးစပ်အတွင်း ခံတွင်းနံ့ နံစေတဲ့ ဟိုက်ဒရိုဂျင်ဆာလဖိုက် အဆင့်တွေ လျှော့ချနိုင်ပါတယ်လို့ ဂျပန်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ရိုးရိုး ဒိန်ချဉ်သာ သောက်ပါ။ သစ်သီး ပါဝင်တဲ့ ဒိန်ချဉ်တွေမှာ အချိုဓာတ် ပိုကဲတာကြောင့် သွားပိုးစားစေနိုင်လို့ပါ။

အစာမကြေခြင်း

စမုန်စပါး စားပါ

စမုန်စပါးမှာ ဗိုက်ပွတာ၊ ဗိုက်နာတာ၊ လေပွတာ၊ ပျို့တာနဲ့ ရင်ပူတာတွေကို သက်သာစေနိုင်တဲ့ Anti-spassmodic ဂုဏ်သတ္တိရှိတဲ့ ဒြပ်ပေါင်းတွေ ပါဝင်လို့ပါ။ အစာစားပြီးတိုင်း စမုန်စပါး ဝါးစားပါ။

လိင်စိတ် ကုန်ခန်းခြင်း

အညိုရင့်ရောင် ချောကလက် စားပါ

အညိုရင့်ရောင် ချောကလက်က အနည်းဆုံး နေ့စဉ် တစ်စိတ်စားတဲ့ အမျိုးသမီးတွေမှာ လိင်စိတ် တက်ကြွမှု ရှိတာဟာ ချောကလက်မှာ ပါဝင်တဲ့ စိတ်ခံစားမှု ကောင်းစေတဲ့ ဓာတုပစ္စည်းကြောင့်ပါလို့ အာဟာရပညာရှင် Dr.Joanna McMillon က ပြောပါတယ်။

ဒေါက်တာ ခင်မိုးမိုး

Copy by : ရွှေမြို့တော်