ရှမ်းပြည် လူထုခေါင်းဆောင်များနှင့် စော်ဘွားများ ဦးဆောင်ကာ ကမကထပြုမှုအရ ရှမ်းပြည်အလယ်ပိုင်း ယခင်လဲချားနယ် ပင်လုံမြို့၌ ၁၉၄၇ ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၁၂ ရက်နေ့အထိ ၁၀ ရက်ကြာ ကျင်းပခဲ့သော ဒုတိယ ပင်လုံညီလာခံဟာ “ဖေဖော်ဝါရီ ၇ ရက် ရှမ်းပြည်အမျိုးသားနေ့ နဲ့ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ (၀ါ) ပင်လုံစာချုပ်နေ့” တွေပေါ်ပေါက်စေခဲ့တဲ့ ကမ္ဘာကျော် သမိုင်းဝင်နေ့ ဖြစ်ပါတယ်။
ပင်လုံစာချုပ်မထိုးခင် တစ်ရက်အလို ၁၁-၂-၁၉၄၇ နေ့မှာ ရှမ်းပြည်ကောင်စီ ဥက္ကဌ စ၀်ခွန်ပန်းစိန်က ရှမ်းပြည်လူမျိုးပေါင်းစုံနှင့် ပတ်သက်အကျုံးဝင်သော အောက်ပါဆုံးဖြတ်ချက် ၃ ရပ်ကို ချမှတ်ခဲ့ပါတယ်။
(၁) ဖေဖော်ဝါရီ ၇ ရက်နေ့ကို အမျိုးသားနေ့အဖြစ်-
(၂) ၀ါစိမ်းနီနဲ့အဖြူရောင်လ၀န်းအလံကို ရှမ်းပြည်အလံတော်အဖြစ်-
(၃)ခေးတိုင်းခေးရာဇာသီချင်းကို ယာယီအမျိုးသား သိချင်းအဖြစ်- သတ်မှတ်ကြောင်း ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၆၂ နှစ်ကစပြီး ဖေဖော်ဝါရီ ၇ ရက်နေ့ကို ရှမ်းအမျိုးသားနေ့လို့ အစွဲပြု ခေါ်ဝေါ်ခဲ့ပေမယ့် အဲဒီခေတ်ကာလ သမယ အခြေအနေအရ အနှစ်သာရနဲ့ ဦးတည်ချက်ကတော့ လူမျိုးပေါင်းစုံ ရှမ်းပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုဖို့ ရည်ညွှန်းခဲ့တာ ဖြစ်ပါတယ်။
သမိုင်းအစစ်အမှန် လှစ်လှန်လိုက်ရင် ရှမ်းပြည်အမျိုးသားနေ့ မရှိခဲ့ပါက ပြည်ထောင်စုနေ့လို့ အသိများကြတဲ့ ပင်လုံစာချုပ်နေ့လည်း ရှိမှာ မဟုတ်သလို လွတ်လပ်ရေးနေ့လဲ ရှိလာမှာ မဟုတ်ပါဘူး။
အထက်ပါ အချက်အလက်များကို ဒီနေရာမှ ရယူထားပါတယ် ။
သျှမ်းပြည်အမျိုးသားနေ့ အကြောင်းသိကောင်းစရာကို ဒီနေရာမှာ ဆက်ဖတ်နိုင်ပါတယ် ။
ခုတလော ကျွန်တော်တို့ ပို့စ်အရေးကျဲနေတာက အဖွဲ့ဝင် အနည်းငယ်အတွင်းမှာ တစ်ယောက်က ပြန်ဖို့ရာ စီစဉ်နေခြင်း မအားတာက တကြောင်း၊ တစ်ယောက်က တု,င်တ,ခေု;ဂှိုခေ်း အတွက် စီစဉ်နေခြင်းကြောင့် မအားတာ တကြောင်းတွေမို့ ပို့စ်တွေ မတင်ဖြစ် ဖြစ်သွားတာပါ။ ကျွန်တော်တို့ မအားမလပ်တဲ့ကြားကနေ ပြုလုပ်ထားတာလေးမို့ သည်းခံ ခွင့်လွှတ်ပေးကြပါလို့။
Copy by ~ shanhistory