မြန်မာသက္ကရာဇ် (၉၀၇) ခု၊ အေဒီ ၁၅၄၅ ခုတွင် မိုးဗြဲမင်းသည် နရပတိဟူသောအမည်နှင့် အင်းဝရွှေနန်းကို တက်တော်မူသည်။ စစ်ကိုင်းစည်သူကျော်ထင်လည်း စစ်မက် မပြက်ဖြစ်ကြသည်။ မိုးဗြဲနရပတိသည် အင်းဝကိုတက်လျှင် အုန်းပေါင်း ဆွေကြီးတို့ကိုလည်း မဆက်ဆံ။
ရှမ်းအသုံးအဆောင် အကျင့်အာစာရကိုလည်းမကြိုက်၊ မင်းတရား ရွှေထီးသို့ စေပါ၍ မဟာမိတ်ဆွေခင်ပွန်းပြုတော်မူ၏။ စစ်ကိုင်း စည်သူကျော်ထင်ကိုလည်း မပြတ်လှုပ်ချောက်ရ၏။ ချစ်ကျွန်လည်းပြု၏။
မှတ်ချက်။ ။အရှင်သုခမိန္ဒ (တန့်ယန်း) ၏ ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်မှုနှင့် ဓလေ့ထုံးစံများ စာအုပ်မှကောက်နှုတ်တင်ပြသည်။
Copy by : Shan History